31 C
Yangon

ခင်ဦးနှင့် ရွှေဘို မြို့နယ်ရှိ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရွှေဘို မြို့နယ်ရှိ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group (NTG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့တွင် ခင်ဦးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို Northern Tigers Drone Team က Shar Htoo Waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့နှင့် ၁၉ ရက်နေ့တွင်လည်း ရွှေဘိုမြို့နယ်၊ ပလိုင်း ရွာထဲ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG)ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Mission ဖော်ဆောင်ရာတွင် အသုံးပြုရန် ဗုံးသီးများကို ဗိုလ် ကောက်ရိုး ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၁၅ က ကူညီပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article