35 C
Yangon

နောင်ချိုနှင့် မိုးမိတ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

Must read

လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် စစ်တပ်က လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ

ရန်ကုန်၊ ဧပြီ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၇ ရက်နေ့နှင့် ဧပြီလ ၂၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးရွာနှင့် တန်ဘိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်ရာ သုံးဆယ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး မျက်နှာနှင့် လက်တို့တွင် ထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဥ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒေသ ပြည်သူများ အပေါ် မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် နှင့် ၂၀ ရက်နေ့ တို့တွင် အကြမ်းဖက် စစ်တပ်က မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာကို Jet Fighter ဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်း စစ်တပ်က စစ်လက်နက် အသုံး အဆောင် ပစ္စည်းများနှင့် လူအင်အား အများအပြား ဖြည့်တင်းနေပြီး ဒေသနေပြည်သူများကိုလည်း စစ်ဆေးမှု တင်းကြပ်စွာ ပြုလုပ်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article