30.5 C
Yangon

စစ်ကိုင်းမြို့နယ်၊ မြိုင်လယ်ကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် သေဆုံး၊ ပြည်သူ ၂ ဦး ဖမ်းဆီးသွား

Must read

ရန်ကုန်နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြိုင်လယ်ကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင် ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် နှလုံးရပ် သေဆုံးသွားကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နို၀င်ဘာလ ၂၈ ရက်နေ့ ညနေ ၄နာရီကျော်အချိန် တပ်မ ၃၃ မှ စစ်ကြောင်းက မြိုင်လယ်ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကြောင်း၊ ယင်းသို့ ဝင်ရောက် စီးနင်းချိန်တွင် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် နှလုံးရပ်သေဆုံးသွားကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း၊ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မီးရှို့ခံရတဲ့ နေအိမ် ၉ လုံးရှိပါတယ်။ ဖျက်ဆီးခိုးယူခံရတဲ့ အိမ် ၂ လုံး ။ စစ် တပ် က ဖမ်းဆီးခေါ်ဆောင်သွားသူ ကိုလှဝင်းရွှေ ၊ကိုအေးကိုကို ဖမ်းသွားပါ တယ်။ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က မီးရှို့သွားသော မြိုင်လယ်ကျေးရွာတွင် အိမ်ထောင်စု ၈၇ စုရှိပြီး လူဦးရေ ၄၃၅ ဦးရှိကာ စစ်ဘေးရှောင်နေရကြောင်း၊ အနီးအနားရှိ မောင်း ထောင်ရွာ၊ ရွာသစ်ရွာမှ အိမ်ထောင်စု ၃၇၀ စစ်ဘေးရှောင်နေရကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article