31 C
Yangon

ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းနှင့် ရွာများအနီး စစ်တပ်က မိုင်းများ ထောင်ထား ၍ အိမ်မွေး တိရိစ္ဆာန် များ မိုင်းနင်းမိ‌ပြီး ထိခိုက်၊ PDF က မိုင်းရှင်းနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းဘေးနှင့် ကျေးရွာများအနီး အကြမ်း ဖက် စစ်တပ်က မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီး PDF တပ်ဖွဲ့များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ရွှေဘို- ခင်ဦး- ရေဦး လမ်းပိုင်း တစ်လျောက်ရှိ ကျေးရွာများကို အင်အား ၁၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကားလမ်းဘေးတစ်လျှောက်နှင့် ကျေးရွာ အနီးအနားတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ထောင်ထားသည့် မြေမြုပ်မိုင်းများထဲမှ မိုင်း ၃ လုံးပေါက် ကွဲခဲ့ပြီး နွားနှစ်ကောင် သေဆုံးကာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဒေသ ခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း နယ်မြေရှင်းလင်းရေး ​မြေမြုပ်မိုင်း ​ရှာဖွေ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကာ မိုင်း ၃ လုံး ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် မိုင်းရှင်းလင်းရေးကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် ၄ နှင့်အတူ မော်ကွန်းညီနောင် နဂါးညီနောင် ဒေါင်းရာဇာ စသည့် အဖွဲ့များမှ ပူးပေါင်းပြီး ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article