29 C
Yangon

khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – တနင်္သာရီတိုင်း၊ ထားဝယ် ပုလောကားလမ်းပေါ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က အရပ်သားအယောင် ဆောင်ပြီး ၊ ခရီးသွားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝင်းဌေးနိုင် ဆိုသူကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့သလို ၊ သေနတ်ကို ဝင်လုတဲ့အတွက် ကျည်ထိမှန်ပြီး သေသွားတယ်လို့ ဒေသသတင်းရင်းမြစ်ဖြစ်တဲ့ Dawei Information Center က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ – ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်-ဆိပ်ကမ်းမြို့နယ်မှာ ဈေးအိမ်သာစောင့် အလုပ်ကနေ ၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှုးဖြစ်လာသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်သန်း နဲ့ အဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘလာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရပြီး ၃ ဦးသေ သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရဖို့အတွက် ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှုအရ အပစ်အခတ်- ရပ်စဲလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article