36 C
Yangon

ကနီတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီ ရိက္ခာ တင် ရေယာဉ် ၈ စီးအတွက် မြေပြင်လုံခြုံရေးယူပေးသည့် အင်အား ၁၅၀ ခန့်ရှိ စစ် ကြောင်းကို ကနီ ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်း ဝန်း တိုက် ခိုက် ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း Myanmar Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာ သော အကြမ်းဖက် စစ် ကောင်စီ ရိက္ခာတင်ရေယာဉ် ၈ စီးကို မြေပြင်မှ လုံခြုံရေး ယူပေးထားသည့် အင်အား ၁၅၀ ခန့်ဖြင့် စစ်တပ်စစ်ကြောင်းကို Myanmar Defense Force နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုထိ ပွဲကမပြီးသေဘူး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ ဖြစ် နေတာပါ၊ စစ်ဒေသရုံး က ဦးဆောင်ပွဲမို့ သူတို့ထုတ်ပြန်သလာက်ပဲ တင်ပြ ပေးပါဦး၊ ပြောလို့ရသလောက်တော့ ထပ်ပြောပေးပါ မယ်”ဟု ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းမီဒီယာသို့ ပြောဆို သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ အထိနာခဲ့သဖြင့် ဒီဇင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့် တွင် စစ်တပ်က MI 35 ရဟတ်ယာဉ်ဖြင့် အပြစ်မဲ့ ပြည်သူ များ နေထိုင်ရာ ကျေးရွာများအ တွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချို့လည်း ထိခိုက်ဒဏ်ရာရရှိထား ကြောင်း သိရသည်။

ရှေ့တန်းသတင်းရင်းမြစ်တချို့ကမူ သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့များ ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ထားသော်လည်း အသေးစိတ်ကို သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းရန် အသိပေး ပြောဆို သည်။

ဓာတ်ပုံ- Myanmar Defense Force တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article