36 C
Yangon

ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက်

Must read

ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ကာ ဖောက် ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်​နေ့ မွန်းလွဲ ၁ နာရီဝန်း ကျင် အချိန် အ ကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း Freeland Attack Force က ထုတ်ပြန်ထားသည်။

“ကမာရွတ်ဘက်မှာ အစစ်အ​ဆေး​တွေတအားများတယ်။ စစ်သားနဲ့ရဲ​တွေလည်း ပတ်​နေကြတယ်။ ဗုံးကွဲတာ​တော့ မသိလိုက်ဘူး။ လုံခြုံ​ရေး​တော့ တအား များတယ်” ဟု ကမာရွတ်​မှ ပြည်သူတစ်ဦးက ​ပြောသည်။

ဗုံးပစ်တိုက်ခိုက်မှုကို Freeland Attack Force ၊ Emerald Girl Army (EGA) ၊ Revolution of 21 Century အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျားတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသောနေရာများ၊ ၎င်းတို့နေထိုင်ရာ ရုံးများ၊ အကြမ်းဖက်စစ်သားများ၊ ထောက်တိုင်များနှင့် ဝေးကွာစွာ ရှောင်ရှားသွား လာနေထိုင်ပေးကြပါရန် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article