33 C
Yangon

ကော့ကရိတ်တွင် စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်း ဗုံးကျဲ၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး ယာယီပိတ်ပင်ထား၊ ကော့ကရိတ်မြို့ရှိ တံတား ၁ ခု မိုင်းခွဲခံထားရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် အစောပိုင်းတွင် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကျဲသွားကြောင်း ရှေ့ တန်း PDF သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၆ နယ်မြေ ၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကျဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ထိခိုက်မှု မရှိကြောင်း ရှေ့တန်း PDF သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်က လက်နက်ကြီးတွေကတော့ ထုနေတာ ဆက်တိုက်ပဲ ။ ဒီမနက် ၄ နာရီလောက်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၂ လုံးလာကျဲတယ်။ ထိခိုက်မှု မရှိပါ ဘူး။ အခုတော့ လက်နက်ကြီးနဲ့ ပစ်တာ နည်းနည်းငြိမ်နေတယ်။ တိုက်ပွဲ တွေကတော့ ဆက်တိုက်ဖြစ်နေတာပါ။ လတ်တလောတော့ မဟာမိတ် တပ် ပေါင်းစုဘက်က အထိအခိုက် အနည်း ငယ်လောက်ပဲရှိတယ်။ အကျ အဆုံးမရှိပါဘူး” ဟု ရှေ့တန်း PDF သတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကမိုင်ကုန်းအောက်ဘက်တွင် လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မွေးတိရစ္ဆာန် နွား ၁၀ ကောင် ကျော် သေဆုံး ခဲ့ရကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကော့နွဲကျေးရွာ တွင် အိမ်မွေးတိရစ္ဆာန် ၁၂ ကောင် ထိခိုက် သေဆုံးမှုရှိခဲ့ပြီး နောင်တလာရွာ အိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကော့ကရိတ် အံဖလေး ကျေး ရွာတွင် လည်း ယမန်နေ့ တစ်ညလုံး လက်နက်ကြီး အဆက်မပြတ် ကျရောက် ပေါက်ကွဲမှုရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှစတင်၍ ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင် စစ်တပ် စစ် ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်း ထန် စွာဖြစ်ပွားခဲ့ကြောင်း၊ အချိန်အတော်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ် ကောင်စီဘက်မှ အထိခိုက်အကျအဆုံးရှိခဲ့ကြောင်း ၊ စစ်တပ်က လက်နက် ကြီးများဖြင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသူ၊ ရွာသားများနှင့် ကလေးသူငယ်များ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း NUG တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်၏ လက်နက်ကြီး ပစ်ခတ် ခဲ့မှုကြောင့် PDF ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ကော့ကရိတ်-မြဝတီ အာရှလမ်းမကို ယာယီ ဖြတ်သန်းခွင့် ပိတ်ထားကြောင်း ၊ ကော့ကရိတ်မြို့အဝင် တံတား ၁ စင်းလည်း မိုင်းခွဲခံရထားရသဖြင့် ပျက်စီးနေကြောင်း သိရှိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီး မိုင်းခွဲခံထားရသော တံတားတွင် ကားများ တစ်စီးပြီးမှ တစ်စီး ပုံစံဖြင့် ဖြတ်သန်းနေရသဖြင့် ကား လမ်းများ ပိတ်ဆို့နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article