28 C
Yangon

ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ

Must read

ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ​ကော့သောင်းအကျဥ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မျာားက လုံခြုံရေးအတွက် စစ်ဆေးရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဥ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်းထောင် ဦးစီးမှူးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကျန်တဲ့သူတွေကိုရော၊ ကားတွေကိုရော လွှတ်ပေးလိုက်ပါပြီ။ သူ့ကိုတော့ ဆက်ပြီး ဖမ်းဆီးထားပါတယ်။ ပုံထဲမှာတော့ ကြယ်တစ်ပွင့်ပဲရှိသေးတယ်။ အပြင် မှာ နှစ်ပွင့်​ဖြစ်နေပါပြီ။ သူ့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ညွှန် ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးဖြတ်သွားမှာပါ” ဟု မြိတ်ခရိုင် တပ်ရင်း(၁) PPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကော့သောင်းထောင် အကျဉ်းဦးစီးဌာန ဦးစီးမှူးကို ငွေကျပ် ၁၇ သိန်း ၊ ဖုန်း ၁လုံးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးမှုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အကျဥ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article