30 C
Yangon

ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထားသည့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အောင်လံမြို့နယ်စရဖရုံးတွင် ဗုံးပေါက်ကွဲ

Must read

ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထားသည့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အောင်လံမြို့နယ်စရဖရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း ကျောက်ဆည်မြို့ ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထား သည့် စစ်သား ၅ ဦးကို လက်ပစ်ဗုံးဖြင့် ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီ ၁၉ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကြောင်း Garuda People’s Defense Force GPDF (GPDF) အဖွဲ့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောသည်။

ယနေ့တွင် Garuda People’s Defense Force GPDF (GPDF) မှ ရဲဘော် ၂ ဦးက ကျောက်ဆည်တက္ကသိုလ် စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ပစ်သွင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ စစ်ကောင်စီဝင် ၂ ဦးသေဆုံးခဲ့ကြောင်း၊ ရဲဘော် ၂ ဦးလည်း ဘေးလွတ်စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်အချိန် မကွေးတိုင်း အောင်လံ မြို့နယ်ရှိ စရဖရုံးအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကို မသိရှိရသေးဘဲ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကိုလည်း မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ကျောက်ဆည်တက္ကသိုလ် အဝင်အ၀ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article