28 C
Yangon

ကျောက်ထုတွင် အမြောက်တပ်က မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် မိန်းကလေး တစ်ဦး သေဆုံးပြီး နေအိမ် ၉ လုံးပျက်စီး

Must read

ကျောက်ထုတွင် အမြောက်တပ်က မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် မိန်းကလေး တစ်ဦး သေဆုံးပြီး နေအိမ် ၉ လုံးပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မကွေးတိုင်း၊ ကျောက်ထုမြို့ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပြည်သူလူထုနေထိုင်ရာ ကျောက် ထုမြို့ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတတ်ခဲ့ရာ ၆ နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ည ၉ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျောက်ထု အမြောက်တပ်က ပြည်သူလူထုနေထိုင်ရာ ဂုံဘိုရပ်ကွက်အတွင်း လက်နက်ကြီး ၁၀ လုံးကျော်ပစ်ခတ်ခဲ့ ရာ ရပ်ကွက်အတွင်းနေထိုင်သူ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းလက်နက်ကြီးစထိမှန် ကာသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကိုပြောက်ကျားဝင်တိုက်ခဲ့လို့ စစ်တပ်ကနေ လူနေအိမ် တွေထဲ ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လက်နက်ကြီး ၆ လုံးက ရပ်ကွက်ထဲကျပြီး မိန်းကလေးတစ်ဦး ထိခိုက် သေဆုံးတာ၊ တခြားပြည်သူတွေတော့ အထိအခိုက်မရှိဘူးလို့ကြားတယ်၊ ရဲစခန်းကလည်း ဂုံဘိုရပ်ကွက် ထဲမှာရှိတာဆိုတော့ ရဲစခန်းတိုက်ခိုက်ခံရတဲ့အချိန်မှာ ရဲစခန်းကို လက်နက်ကြီးနဲ့ လှမ်းထုတာခင်မျ” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ကျောက်ထုရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ထိခိုက်သေဆုံးမှုရှိ ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် ကျောက်ထုရဲစခန်းအတွင်းမှ ရဲ၊ စစ်သားများသည်လည်း ရပ်ကွက် အတွင်း သေနတ်များရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကျောက်ထုမြို့တွင်းရှိမိဘပြည်သူများနှင့် ကျောက်ထုတိုက်နယ်အတွင်းနေထိုင်သူ ကျေးရွာသူ၊ ကျေးရွာ သားများအား အနေဖြင့် လက်နက်ကြီးပစ်သံများ၊ ပစ်ခတ်သံများကြားရပါက လွတ် မြောက်ရာနေရာကို ရွေးချယ်နေထိုင်ကြရန် ယောအလင်းတန်းက အသိပေးထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ အမြောက်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article