28 C
Yangon

ငါန်းဇွန်နှင့် လောင်းလုံးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ငါန်းဇွန်နှင့် လောင်းလုံးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ကောင်စီခန့် ညောင်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး မင်းဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-သားပြင်လမ်းမပေါ် တောင်ရွာဘိုရွာ နှင့် မြောက် ရွာဘိုရွာအကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် ခန့်အချိန် ညောင်လေးပင်ရွာအုပ်ချုပ်ရေးမှူး မင်းဆန်းကို ပစ် ခတ်ခဲ့ ရာ နေရာတွင်ပင်ပွဲချင်းပြီး သေ ဆုံးသွားကြောင်း TGYR – Youth Guerilla Counter Revolution က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူး မင်းဆန်းသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း ကာ ကျေးရွာနေ ပြည်သူ လူထုကို မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်နေပြီး ၎င်းကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများစွာရှိ ကြောင်း၊ထို့ပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထောင် ထားသည့် မိုင်းများကိုလည်း အကြမ်း ဖက်စစ်ကောင်စီထံအပ်နှံခဲ့ကြောင်း သိရသည်။

“သူ့ကြောင့် ဒုက္ခရောက်ကြရတဲ့မိသားစုတွေရှိတယ်ဗျ၊ အဖမ်းခံရသူတွေလည်း ရှိတယ်၊ ဖမ်းခံရပြီး ငွေ တောင်းပြန်လွှတ်တဲ့သူလဲရှိတယ်၊ သူက စကစနဲ့ ပေါင်းပြီး ကြံနေတာ၊ ရွားနားမှ စစ်ခွေးတွေကို တိုက်ဖို့ ဆင်ထားတဲ့ ကျနော်တို့ မိုင်း ၅ အပါအဝင် အလုံး ၃၀ ကျော်ကို စကစဆီအပ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ကျည်နှစ်တောင့်(နှုတ်ခမ်းနီ)နဲ့။” ဟု TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုကို TGYR – Youth Guerilla Counter Revolution(LPDF)၊ BHGF- Black Hero Guerilla Force နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ပြီး လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းပစ်ခတ်ခံရသည့်နေရာသို့ အကြမ်းဖက်စစ် ကေင်စီတပ်သားအများအပြားရောက်ရှိလာကာ စစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်း ငါးဇွန်မြို့နယ်၊ ကုလရွာကြီး မှ စစ်တပ် သတင်းပေး ဟု သတ်မှတ်ခံရသူ ပျူစောထီး ရန်အေး ကို ရွာအရှေ့ဘက် တောထဲတွင် အသတ်ခံထားရသည်ကို တွေ့ရှိရကြောင်း‌ ဒေသသတင်းရင်းမြစ်က ဆိုသည်။

ထို့အတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာလမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီ ခန့်က အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ လောင်းလုံးရဲစခန်းမှ ပြန်လာသော ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

လောင်းလုံးမြို့ရဲစခန်းတွင် အစည်းအဝေးလုပ်ပြီး ဝေဒီရွာရှိ နေအိမ်သို့ ပြန်လာ သော ပျူစောထီးအဖွဲ့ဝင် နေလင်း ထွန်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာ ၆ ချက်ရရှိ ပြီးပွဲချင်း ပြီး သေဆုံး သွားကြောင်း၊ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရသေး ကြောင်း Dawei Information Center က ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူနေလင်းထွန်းသည် အကြမ်းဖက်စစ် ကောင်စီ တပ် သားများနှင့်ပူးပေါင်းကာ သတင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ရွာထဲတွင် မဲစာရင်း များ လိုက်ကောက်ပေးခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်အုပ်ချုပ်ရေးမှူး မင်းဆန်းထံမှ ရရှိသော လက်ပစ်ဗုံးဖြင့် ပစ္စည်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article