29 C
Yangon

စစ်ကိုင်းမှ မုံရွာသို့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာသည့် စစ်တပ် စစ် ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်

Must read

စစ်ကိုင်းမှ မုံရွာသို့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာသည့် စစ်တပ် စစ် ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ယမန်နေ့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာ သည့် စစ်တပ်စစ်ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း PDF တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းဘက်မှ မုံရွာသို့ လူမှုကူညီရေးကားများနှင့် ခိုးထွက်လာသည့် စစ်တပ်စစ်ကြောင်းကို ဝမ်းပြည့် ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက် ခဲ့ကြောင်း People’s Knight Defense Force Myinmu မှ တာဝန်ရှိသူ တစ် ဦး က ပြောသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်သားများလိုက်ပါ စီးနင်းလာသ ည့် ကားကို မိုင်းစများ ထိထိမိမိထိမှန်ပြီး ကားပျက်စီးသွားကြောင်း၊ သို့ရာတွင် စစ်တပ် စစ်ကြောင်းဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရှိရသည်။

“အဲဒီကောင်တွေက ခါတိုင်းလည်း အဲဒီလို လူမှုကူညီရေးကားတွေနဲ့ ခိုးထွက် နေတာ။ ခါတိုင်းက မိုင်းဆွဲဖို့ မမီတာဗျ။ မနေ့ ဒီဇင်ဘာ ၂၆ ရက် နံနက်ခင်း ၃ နာရီ ၁၅ မိနစ်အချိန်က ခွေးကား သုံးစီးကို မိုင်းဆွဲတိုက်တဲ့ မစ်ရှင်မှာ ခွေးကား ပေါ်က ပြန်ပစ်တယ်ဗျ။ မနေ့ ၂၆ ရက်နေ့ ညပိုင်း ၉ နာရီ ၄၅ မိနစ်ကတော့ ပြန်ပစ်တာ မရှိဘူးဗျ။ ၂၆ ရက်ထဲ မစ်ရှင် နှစ်ခု လုပ်တာဗျ။ ရဲဘော်တွေ အထိ အခိုက် မ ရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်ဗျ” ဟု PKDF-MMU မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Knight Defense Force Myinmu (PKDF-MMU) ၊ People’s Army to Fight Dictatorsip (PAFD)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu (DKPDF) စသည့် ညီနောင် မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ စစ်ကိုင်းရဲတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article