29 C
Yangon

စစ်ကောင်စီကပရဟိတအသင်းများကို မဲစာရင်း ပြုစုရန် ရွေးကောက်ပွဲကော် မရှင်တွင် အတင်း အကျပ် ထည့်သွင်း၊ လူနာ သယ်ယူပို့ဆောင် ရေး စစ် ကောင်စီ ထံ အကြောင်းကြားပြီးမှ လုပ်ရမည်ဟု ညွှန်ကြားချက် ထုတ်

Must read

စစ်ကောင်စီကပရဟိတအသင်းများကို မဲစာရင်း ပြုစုရန် ရွေးကောက်ပွဲကော် မရှင်တွင် အတင်း အကျပ် ထည့်သွင်း၊ လူနာ သယ်ယူပို့ဆောင် ရေး စစ် ကောင်စီ ထံ အကြောင်းကြားပြီးမှ လုပ်ရမည်ဟု ညွှန်ကြားချက် ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

အကြမ်းဖက်စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ ပရဟိတအသင်းများကို မဲစာ ရင်း ပြုစုရန် ရွေးကောက်ပွဲကော်မရှင် တွင် အတင်းအကျပ် ထည့်သွင်း ထား ကြောင်း ရန်ကုန်အခြေစိုက် ပရဟိတ အသင်းတချို့ထံမှ သိရှိရသည်။

ရန်ကုန်တွင် အကြမ်းဖက်စစ်ကောင်စီက ပရဟိတ အသင်းများမှ အဖွဲ့ဝင်များ ကို ရွေးကောက်ပွဲ အတွက်စာရင်းပြုစုရန် မပြောမဆို အကြောင်းမကြားဘဲ အမည်စာရင်းများ ထည့်ထားသွားထားကြောင်း၊ ပရဟိတ အသင်းတချို့၏ ဥက္ကဌများကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ကော်မရှင်အဖွဲ့ဝင်များအဖြစ် စာရင်း ထည့်သွင်းထားကြောင်း၊ သိရှိရသည်။

“ပရဟိတ အသင်းတွေကို ဘာမှ အကြောင်းကြားခြင်းလည်းမရှိဘူး။ ပရဟိတ အသင်းရဲ့ စာရင်းတွေအတင်းတောင်းပြီး မဲစာရင်းကောက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေထဲမှာ ထည့်သွင်းထားတယ်။ ပရဟိတအသင်းတွေဘက်က ဘာမှ မသိရဘူး။ အခုစာတွေ ထွက်လာနေပြီ” ဟု ရန်ကုန်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ပရဟိတ အသင်းများကို အသင်း အဖွဲ့ ဥပဒေနှင့် ထိန်းချုပ်မှုများရှိနေပြီး လူနာများသယ်ယူပို့ဆောင်ခြင်း၊ လူနာ များကို ကူညီခြင်းအပါအဝင် ပရဟိတ လုပ်ငန်းမှန်သမျှကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ထံ အကြောင်းကြားပြီးမှ ကူညီရေး လုပ်ဆောင်ရန် ညွှန်ကြား လာ ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ် ရေးကောင်စီကို အကြောင်းမကြား၊ ခွင့်ပြုချက် မရရှိဘဲ လူနာသယ်ယူပို့ဆောင်ခြင်း၊ အလောင်းကောက်ခြင်းများ လုပ်ဆောင်ပါက အသင်းဖျက်သိမ်းမည်ဟု ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသည်။

“လူနာသယ်တာဖြစ်ဖြစ်၊ အလောင်းကောက်တာဖြစ်ဖြစ် ရပ်ကွက်လူကြီး၊ ရာအိမ် မှူး၊ နောက်တစ်ခါ မြို့နယ်ကို Viber နဲ့ အကြောင်းကြားခိုင်းတယ်။ သူတို့ကို အကြောင်းကြားပြီးမှ လုပ်ပေါ့။ ခွင့်ပြုချက်တင်ခိုင်းတဲ့သဘောမျိုးပဲ။ သေရေးရှင်ရေးတောင် သူတို့ ခွင့်ပြုမှ လုပ်ရမယ်ဆိုတာမျိုး ဖြစ်လာတာ။ အခြားတစ်ဖက်မှာလည်း အသင်းအဖွဲ့ ဥပဒေနဲ့ တင်းကျပ်ထားတာ လည်းရှိ တယ်။ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီ ဒေါက်တိုင်အဖြစ် အတင်းအကျပ် ထည့်သွင်းနေတဲ့ သဘောလို့ ပြောလို့ရတယ်” ဟု မန္တလေးအခြေစိုက် ပရဟိတ အဖွဲ့တစ်ခုက ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နှစ် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြပွဲတွင် ကျန်းမာရေး ဆေး အကူ ပေးနေသော ပရဟိတအဖွဲ့များကို စစ်တပ်က အကြမ်းဖက် ရိုက်နှက်ခဲ့ သည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article