29 C
Yangon

စစ်ကောင်စီ ဝန်ကြီး ၂ ဦးနှင့်အတူ IGE ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ၂ ဦး ရုရှား စွမ်းအင် ဖိုရမ် တက်ရောက်ခဲ့၊ ရန်ကုန်တွင် ရုရှား-မြန်မာစက်မှုဇုန် ထူ ထောင် မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကောင်စီဝန်ကြီး ၂ ဦးဖြစ်သည့် လျှပ်စစ်ဝန်ကြီး သောင်းဟန်၊ စွမ်းအင် ဝန် ကြီး မျိုးမြင့်ဦးတို့နှင့်အတူ အောင်သောင်းသားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီ မှ အမှုဆောင်ဒါရိုက်တာ ၂ ဦးတို့က အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ရုရှား စွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက် ခဲ့ကြ ကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်တွင် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နှင့်အတူ IGE မှ အမှုဆောင် ဒါရိုက်တာ သဇင် အောင်၊ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ရုရှားစွမ်းအင် ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်း ရေး မှူးဖြစ်သူ မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အဖွဲ့ကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ် သဘော တွေ့ဆုံဆွေးနွေးပြီ‌း ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုအခြေအနေများ အား ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

စစ်ကောင်စီက ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍ ကိစ္စများ သာမက လျှပ်စစ်စွမ်းအားကဏ္ဍကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စွမ်းအင် ဝန်ကြီး ဦးမျိုးမြင့်ဦးမှလည်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တာဝန် ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံရေးကိစ္စများကို အသေး စိတ် ဆွေးနွေးကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ရုရှား-အာဆီယံစီးပွားရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ အီဗန် ပိုလီကော့ဖ်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံ အကြားစီးပွားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေး ပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေး စင်တာ (Emergency Response Center) တည်ထောင်နိုင်ရေး၊ ရန်ကုန် နယ်နိမိတ် ဧရိယာအတွင်း ရုရုားမြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန် တည်ထောင်၍ စက်မှုလုပ်ငန်းများတွင်အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ် လုပ်သွားနိုင်ရေးကိစ္စများ၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင် နေ သည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချ ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စ ကို မြို့အနီး၊ ကာလုဂါပြည်နယ်တွင် တည်ထားကိုးကွယ်သည့် ရွှေစည်းခုံ ပုံတူ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီတဂူ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့် ဆရာတော် များကို သွား ရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်း ပူဇော် ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလတွင် စစ်ကောင်စီဝန်ကြီး ၂ ဦးနှင့်အတူ ရုရှားသွား ရောက်ခဲ့သည့် IGE ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ နှင်းနှင်းအောင်၊ သဇင်အောင်။ ရုရှားခရီးစဉ်ဓာတ်ပုံများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article