36 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အပတ်စဉ် ၅ သင်တန်းအတွက် တပ်သားသစ်များ ခေါ်ယူ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် အခြေစိုက်ထားသော ဗမာ ပြည် သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က စစ်အာဏာရှင် ချေမှုန်းရေး အတွက် စစ်သင်တန်း အပတ်စဉ် ၅ အတွက် တပ်သားသစ်များ ခေါ်ယူလျက် ရှိကြောင်း BPLA မှ ရဲဘော် ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တွင် တပ်သားသစ် လျှောက် ထား သူများအတွက် လိုအပ်ချက်များအနေဖြင့်-

၁။ ကျန်းမာရေးအထူးကောင်းမွန်ရမည်။
၂။ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရမည်။
၃။ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရမည်။
၄။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမည်။
၅။ အာဏာရှင်ပြုတ်ကျသည်အထိ စစ်မှုထမ်းနိုင်ရမည်။

ရမည်ဖြစ်ကြောင်း သိရှိရသည်။

“NUG က ၂၀၂၃ မှာ အဆုံးအဖြတ်နှစ်လို့ပြောထားသလိုပဲ၊ ကျနော်တို့ BPLA အနေနဲ့လည်း လာမယ့်နှစ်မှာ အားနဲ့အင်နဲ့ ရုန်းကန်ဖို့ရှိပါတယ်။ အမိန့်နာခံပြီး ကြံ့ခိုင်မှုကောင်းတဲ့ရဲဘော်တွေဖြစ်အောင် ကျနော်တို့ သေချာ လေ့ကျင့် သင် ကြား ပေးပါတယ်။ အခုဆိုရင် အပတ်စဥ်(၅)သင်တန်းက လည်း စတော့မှာ ဖြစ် လို့ စိတ်ပါဝင်စားသူတွေ အမြန်လျှောက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။”ဟု BPLA မှ ရဲဘော် ဆောင်းခက ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ စစ်သင်တန်း အပတ်စဉ် ၅ သို့ လျှောက်ထားလိုသော သင်တန်းသားများအနေဖြင့် https://www.facebook.com/BamarPeoplesLiberation တွင် ဆက်သွယ် လျှောက် ထားနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗမာ ပြည် သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ တပ်ဖွဲ့ဝင် များ။

Photo- BPLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article