28 C
Yangon

ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ယနေ့ နံနက်အစောပိုင်း စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေးရ ၊ အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်ဟု သတင်း များထွက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ယနေ့ ယနေ့ နံနက်အစောပိုင်း စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေးရပြီး အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက် သည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေး တပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းတစ်လျှောက်တွင် စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှ စ၍ မုံရွာ နမခ မှ ဝမ်ပေါင် ကုမ္ပဏီဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“ပြည်သူတွေကတော့ ဒီမနက် ၄ နာရီခွဲလောက်ကတည်းက အကုန်ပြေးနေကြရတာ။ ဆောင်းတွင်း စောစောစီးစီးမှာ ပြေးကြရတာပါပဲ။ စစ်ခွေးတွေ အင်အား အတော်များတယ်” ဟု ဒေသပြည်သူ တစ်ဦး က ပြောသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီဝင်များ စစ်ကြောင်းထိုးနေသည့်အတွက် ပုသိမ်-မုံရွာ လမ်းဘေး ရွာများမှ ပြည်သူအများအပြား ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သော ‌National Revolutionary Guards က ပြည်သူများအနေဖြင့် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်ရှိ ပုသိမ် – မုံရွာ လမ်းတစ်လျှောက် မြန်မာ၀မ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ) မှ ရွှေတောင်ဦး ပေါင်ကျိုးကုန်းအထိ ပြည်သူများလုံခြုံရေးအတွက် ဖြတ်သန်းသွား လာခြင်း မပြုကြရန်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်မည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတင်းကျပ်ထားသဖြင့် ပြည်သူများ သတိဖြင့် နေထိုင်ကြရန် အထူး သတိပေးချက် ယနေ့ ထုတ်ပြန်ထားသည်။

ပုံစာ – ယနေ့ နံနက်အစောပိုင်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article