28 C
Yangon

ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံး၊ လက်နက် ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ပါသွားကြောင်း ရဲသတင်း ရပ်ကွက်က အတည်ပြုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန် ညောင်ဉီးမြို့နယ်၊စဉ့်ကူ နယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုရဲအုပ်ကောင်းမြတ်ကျော်၊ ဒုတပ်ကြပ် ညီညီဝင်း ၊ ရဲတပ်သား ကျော်ကျော် ၊ ရဲတပ် သား ဖြိုးဇော်သန့်၊ ရဲတပ်သား မင်းကိုသက်တို့သည် တက်မရေနံမြေသို့ အမှုစစ်ဆေးရန် သွားရောက် ခဲ့ပြီး ဒုရဲအုပ်ကောင်းမြတ်ကျော်နှင့် တပ်သားဖြိုးဇော်သန့်တို့ ၂ ဦးသည် အလယ်မှော်တွင် ကျန်နေ ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးထွန်းထွန်းဇော်၊ ဒုတပ်ကြပ် ညီညီဝင်း၊ တပ် သား ကျော်ကျော်၊ တပ်သား မင်းကိုသက်တို့သည် တောင်မှော်သို့ ဆက်လက် သွား ရောက်ခဲ့ပြီး အဆိုပါမှော်ရှိ ချစ်တီး ထမင်းဆိုင်၌ ထမင်းစားနေစဉ် PDF ၄ ဦးက ပစ်ခတ်သဖြင့် ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုတပ် ကြပ် ညီညီဝင်း၊ တပ်သား မင်းကိုသက်တို့ ပွဲချင်းပြီး သေဆုံးပြီး ရဲတပ်သား ကျော်ကျော်သည် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်

PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးသေဆုံးသည့်အပြင် ခြောက်လုံးပြူး ၁ လက်၊ BA 63 ၂ လက်၊ MA 13 ၁ လက် ပါသွားကြောင်း ရဲသတင်းရပ်ကွက် ဆိုသည်။

ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)ကမူ ရဲများကို တိုက်ခိုက်မှုသည် ၎င်းတို့ လုပ် ဆောင် ခြင်း ဖြစ်ပြီး ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည့် ဒုရဲမှူး ထွန်းထွန်းဇော်နှင့် ရဲ ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article