28 C
Yangon

စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ

Must read

ရန်ကုန်၊ မေ ၁

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ဟူသော အမည်ဖြင့် တပ်ဖွဲ့အသစ်များကို တည်ထောင်ဖွဲ့စည်းလိုက်ပြီး ရန်ကုန်တိုင်း၊ ဖောင်ကြီးရှိ အမှတ် ၅ လေ ကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားပညာရှင် စစ်သားများက ဒရုန်းသင်တန်းပို့ချပေးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နည်းပညာစစ်ပွဲ ဆင်နွှဲရမည်ဆိုသော ကြွေးကြော်မှုဖြင့် ဒရုန်းတပ်ဖွဲ့သစ်များကို တပ်များတွင် စတင်ဖွဲ့စည်းနေကြောင်း၊ ရန်ကုန်ဖောင်ကြီးရှိ အမျတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ၅၀၆ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရုရှားမှ ပညာရှင်တပ်အရာရှိများက ဒရုန်းသင်တန်းများ အနီးကပ်ပို့ချနေကြောင်း၊ တရုတ်နည်းပညာရှင်တချို့ကလည်း ဒရုန်းတပ်ဖွဲ့အတွက် ကူညီလုပ်ကိုင်ပေးနေမှုများရှိကြောင်း သိရှိရသည်။

“ဒရုန်းဆိုတာက စစ်တပ်မှာ အရင်တုန်းက ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ဘူး။ လေကြောင်းရန်တို့ဘာတို့က ဒရုန်းကို သင်တန်းတက်ထားတဲ့သူမှ သုံးနိုင်တာ။ ခြေလျင် ခြေမြန်တပ်ကကောင်တွေက ဒရုန်းမသုံးနိုင်ဘူး။ အခုနောက်ပိုင်း ဒရုန်းတွေ သုံးလာတာက ခြေလျင် ခြေမြန်တို့မှာ ဒရုန်းတပ်ဖွဲ့တွေ ဒရုန်းသင်ကြားထားတဲ့ကောင်တွေကို တွဲပြီးသုံးတယ်လို့ ယူဆရတယ်။ အဲဒီလို နည်းပညာကလည်း စစ်တပ်ရဲ့ နည်းပညာမဟုတ်ဘဲနဲ့ ရုရှားနဲ့တရုတ်တို့ရဲ့ နည်းပညာတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်က ရုရှးနိုင်ငံသို့ ဧပြီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သွားရောက်ပြီး ၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (Working Breakfast) သို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းများကို အသေးစိတ်လေ့လာမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရုရှားနိုင်ငံတွင် ဒရုန်းများကို သွားရောက်လေ့လာနေသည့် အကြမ်း ဖက်စစ်ကောင်စီ အကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article