30 C
Yangon

ဒီပဲယင်းမြို့နယ်၊ပျံကျကျေးရွာကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ မီး တင်ရှို့ဖျက်ဆီး

Must read

ဒီပဲယင်းမြို့နယ်၊ပျံကျကျေးရွာကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ မီး တင်ရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျံကျကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့ ညနေပိုင်းတွင် မီးတင်ရှို့လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ် များ က ပျံကျကျေးရွာသို့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က နေ့လယ်ပိုင်းကတည်းက ရွာကိုမီးရှို့နေတာ။ ဒီနေ့လည်း ရွာကိုထပ်ပြီး မီးရှို့နေတယ်။ တစ်ရွာလုံးကုန်လောက်အောင်ပါပဲ။ ဘယ်ကနေ စစ်ကြောင်း ထိုးလာတဲ့ကောင်တွေလဲဆိုတော့ ရေဦးဘက်ကနေ အင်အား ၁၃၀ နဲ့ စစ် ကြောင်း ထိုး လာတဲ့ကောင်တွေ။ ရွာကိုဘာလို့မီးရှို့တာလဲဆိုတော့ ဒီစစ်ခွေး တွေက သူတို့မထင်ရင် မထင်တဲ့အတိုင်းလုပ်တာ ။ သူတို့ရှို့ချင်လို့ကိုရှို့တာပါ။ မနက် ကလည်း သူတို့ရွာထဲက ထွက်သွားပြီအထင်နဲ့ ရွာသားတွေ ရွာထဲပြန်ဝင် တာကို သေနတ်နဲ့ပစ်လို့ ရွာသားတစ်ဦးသေတယ်။ အဲဒီအလောင်းလည်း အခု အထိ မကောက်ရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မီးရှို့နေသည့် ပျံကျကျေးရွာသည် အိမ်ခြေ ၄၀၀ နီပါးရှိသည့် ကျေး ရွာ တစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာကို ၂ ကြိမ်မြောက် မီးရှို့ခြင်း ဖြစ် ကြောင်း၊ ပထမအကြိမ်တွင် အိမ်ခြေ ၅၀ နီးပါးခန့် မီးလောင်ဆုံးရှုံး ခဲ့ရပြီး ယခု အကြိမ်တွင် အိမ်ခြေမည်မျှ မီးထဲပါသွားသည်ကို မသိရှိရသေးဟု ဒေသ ခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်၊ပျံကျကျေးရွာကို စစ်ကောင်စီတပ်များက အကြောင်း မဲ့ မီး တင်ရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article