33 C
Yangon

ဒီပဲယင်း၊ ပျံကျရွာကို စစ်တပ်က ဒုတိယအကြိမ် ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ဒီပဲယင်း၊ ပျံကျရွာကို စစ်တပ်က ဒုတိယအကြိမ် ရွာလုံးကျွတ် မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျံကျရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပျံကျရွာအနီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“သတင်းကြားရသလောက် စစ်ခွေးတွေက တစ်ရွာလုံးနီးပါး ရှို့နေတယ်လို့ သိရတယ်။ ညနေ ၅ နာရီကျော်လောက်က စရှို့တာ ကျေးရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ရွာထဲကို ဝင်စီးပြီး မီးရှို့နေတာ အရင် တစ်ကြိမ် မီးရှို့ခံရတုန်းက နေအိမ် ၃၀ လောက်ပြာကျသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article