29 C
Yangon

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိ၊ အများပြည်သူသွားလာရေးနေရာဖြစ်၍ စစ်တပ်နှင့် ပျူများ လက်ချက်ဖြစ်နိုင်ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှ ဒလဘက်သို့ ကူးနေသည့် ကူးတို့သင်္ဘောပေါ်တွင် ယနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ပန်းဆိုးတန်း-ဒလ ကူးနေသည့် ချယ်ရီ ကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ရန်ကုန်မြို့ခံတချို့က ပြောသည်။

“သင်္ဘောပေါ်မှာ ဗုံးပေါက်တယ်။ အဲဒါ ထိခိုက်ဒဏ်ရာရတာ ၁၀ ဦးလောက် ရှိတယ်။ သေဆုံးတယ်လို့တော့ မကြားသေးဘူး။ အများပြည်သူသွား လာတဲ့ သင်္ဘော ပေါ် ဖောက်တယ်ဆိုရင်တော့ ဒါက ဘယ်သူ့လက်ချက် သိသာ နေတာပဲ။ စစ်ခွေးတွေနဲ့ ပျူတွေက လွဲရင် ဘယ်သူမှ မရှိနိုင်ဘူး” ဟု ပန်းဆိုး တန်း-ဒလ ကူးသန်း သွားလာနေသည့် ရန်ကုန်ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လတ်တလော ဗုံးပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်ကမ်းများတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး ပရဟိတ လူနာတင်ကားများကလည်း လူနာများ သယ်ယူပို့ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article