29 C
Yangon

ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းကို ၁၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်း တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၅ ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးစခန်းအတွင်းသို့ အင်မထီးရွာ၏ တောင်ဘက်ခြမ်းနှင့် မြောက် ဘက်ခြမ်းတို့မှ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်ပျူစောထီးတပ်စခန်းအတွင်း လက်နက်ကြီးထိမှန်ခဲ့သော်လည်း မည်မျှထိခိုက်သေဆုံးသည်ကို အတိအကျမသိရကြောင်း M7 People’s Defence Army ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို M7 People’s Defence Army ၊ ပုလဲတပ်ရင်း (၂)၊ Phoenix Revolution Ranger အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – DRPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article