30 C
Yangon

ပြည်ကြီးတံခွန်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်လုံခြုံရေးကင်းတဲကို ဗုံးဖြင့် တိုက်ခိုက်မှု စစ်သားတချို့ ထိခိုက်

Must read

ပြည်ကြီးတံခွန်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်လုံခြုံရေးကင်းတဲကို ဗုံးဖြင့် တိုက်ခိုက်မှု စစ်သားတချို့ ထိခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ လမ်း၊ စစ်တပ်ပိုင် မြဝတီဘဏ် လုံခြုံရေးကင်းတဲကို မြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံ ပီကာကျူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် စစ်တပ်ပိုင် မြ၀တီ ဘဏ် အတွက် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်၏ ကင်းတဲကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သားတချို့ ထိခိုက် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ညနေ ၅ နာရီ ဝန်းကျင်လောက်။ အဲနားမှာ၂ ကောင်ရှိတာ။ ၁ ကောင်က မိုင်းစထိလောက်တယ်။ ကွက်တိမကျသွားဘူး”ဟု စစ်ဆင်‎ရေးတာဝန်ခံ ပီကာကျူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဗုံးဖြင့် ပစ်ခတ်ချိန်တွင် ကင်းတဲအတွင်းမှ စစ်သားတချို့က သေနတ်ဖြင့် ၃ ချက် ဆက်တိုက်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးမြို့ပေါ်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို အကြမ်းဖက် စစ် တပ်က လုံခြုံရေးယူထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article