33 C
Yangon

ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ ကားများ ထိမှန်ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ က ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်း လက် နက်ကြီး များဖြင့် ရမ်းသမ်းပစ် ခတ် ခဲ့ရာ ပြည်သူများ၏ လူနေအိမ်များ၊ ကားများ ထိမှန်ပျက်စီးသွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဖားကန့်မြို့ပြည်သူများက စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကို စိုးရိမ် နေကြ ပြီး လက်နက်ကြီးများ ကျရောက်မည်ကို ထိတ် လန့်နေခဲ့ကြောင်း၊ လူထိခိုက် သေဆုံးမှု မရှိသော်လည်း စစ်တပ်၏ လက်နက်ကြီးများက ပြည်သူများ နေထိုင်ရာ နေအိမ်များနှင့်ရပ်ကွက်များထံသို့ ကျရောက်ခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ ဖားကန့်ဗျူဟာ ကနေ လက် နက် ကြီးနဲ့ စပစ်တယ်။ ဖုန်းလိုင်း တော်တော်များများ ဖားကန့်မှာ ပြတ် တောက် နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာ ဆက်တိုက်ပဲ။ ပစ်တာ ဖား ကန့် ကနေ လက်နက်ကြီးမြေပါတုန်တယ်။ တောက်လျောက် ကို ပစ်နေ တာ လက်နက်ကြီးတွေ တစ်လုံးပြီး တစ်လုံးပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ယမန်နေ့ညပိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုခဲ့သည်။

ယမန်နေ့ည စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဖား ကန့် ရှိ စားသောက်ဆိုင်တစ်ခုပေါ်သို့ ကျရောက်ကာ နေအိမ်၊ ဆိုင်ခန်း များပျက်စီးပြီး ကား ၂ စီးပါပျက်စီးသွားကြောင်း သိရှိရသည်။

လတ်တလော ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် နေရာအများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နယ်မြေစိုးမိုးမှုအပိုင်းတွင် ပို၍ ကြီးမား လာကြောင်း၊ စစ်ကောင်စီတပ်များက စစ်ကြောင်းလှည့်လည်ခြင်း၊ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ထုခြင်းမှလွဲ၍ မြေပြင် နယ်မြေ စိုးမိုးမှု လုံး၀ မလုပ်ဆောင်နိုင်တော့ဟု ကချင်သတင်းရင်းမြစ်များက ပြောဆို ကြသည်။

ထို့ပြင် ယမန်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီး ကျောင်းတွင် စစ် တပ်က ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး KIA နှင့် PDF ပူးပေါင်း တပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာ ဓားစာခံ ပြည်သူ များ လွတ် မြောက်မှု ရှိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀‌ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိနိုင်ကြောင်း ၊ ဓားစာခံ ပြည်သူတချို့ ပြန်လွတ် မြောက်လာပြီး စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article