29 C
Yangon

ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံး၊ သုံးဆယ်မြို့တွင် ရဲကား ၂ စီးကို ဗုံးခွဲတိုက်ခိုက်

Must read

ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံး၊ သုံးဆယ်မြို့တွင် ရဲကား ၂ စီးကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ယမ်းဘီလူး ပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဘုတလင်မြိို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယမ်းဘီလူး ပြောက်ကျားအဖွဲ့ မုံရွာခရိုင်တပ်ရင်း ၁၄ နှင့် Local မဟာမိတ်အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယမ်းဘီလူး ပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် ရဲကား ၂ စီးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သုံးဆယ်မြို့နယ်၌ ဆိုင်ကယ်စီးနင်းသည့် ပြည်သူများကို ခေါင်းစဥ်အမျိုးမျိုးတပ် ခြိမ်းခြောက်ဖမ်းဆီးပြီး ပြန်လာသည့် ရဲကား ၂ စီးကို စိန်သဇင် စက်သုံးဆီအရောင်းဆိုင်အနီးတွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article