33 C
Yangon

မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေးတင်းကျပ် ထားသည့်ကြားမှ တာမွေ ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတို့တွင် ဗုံးများပေါက်ကွဲ

Must read

မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေးတင်းကျပ် ထားသည့်ကြားမှ တာမွေ ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ တာမွေကျောက်မြောင်းပွဲစျေးတန်း အနီး နှင့် မရမ်းကုန်း တို့တွင် ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် တာမွေမြို့ နယ်၊ ကျောက်မြောင်းပွဲစျေးအနီးတွင် ဗုံးပေါက်ကွဲသွားပြီး ပွဲစျေးမှ လူတချို့ ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း တာမွေ ပြည်သူတချို့က‌ ပြောဆိုသည်။

“ကျောက်မြောင်းပွဲဈေးဗုံးပေါက်တာ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိသွားတယ်။ ပွဲစျေးက လူမရှိပါဘူး။ ဗုံးပေါက်တော့ မရှိတဲ့လူတွေပါ ၀ရုန်း သုန်းကား ပြေးတယ်။ လူနာတင်ကား ၁ စီးလာတယ်။ ဒဏ်ရာရတာက အသက် အန္တရာယ် မစိုးရိမ်ရဘူး။ ခြေထောက်မှာ ဗုံးစ ထိတယ်လို့ပြောတယ်။အခုတော့ ခွေးတွေ ရောက်နေကြပြီ” ဟု တာမွေ ပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ ၂ ချက်ကြားရပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ မည် သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးသော်လည်း ဗုံးပေါက်သံ ကျယ်လောင်မှုကို မရမ်းကုန်းမြို့နယ်နေရာတချို့မှ ကြားရကြောင်း မရမ်ကုန်း မြို့နယ်၊ ကျိုက်၀ိုင်းဘုရားလမ်း နေထိုင်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မှာ ဒီနေ့ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲ အတင်း လာ တက်တဲ့ အကြမ်းဖက် မင်းအောင်လှိုင် နဲ့ မိန်းမ ကြူကြူလှ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article