36 C
Yangon

မတ္တရာတွင် စစ်ကောင်စီတပ်သားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာ၌ တပ်စွဲထားသော စစ်သားများက လူမှုကူညီရေး ကားကို ချောစွဲထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြောင်းသစ်ရွာမှ ထွက်ခွာလာသော စစ်ကား ၅ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ကင်းကျေးရွာ၌ တပ်စွဲထားသော စစ်သားများက မြောင်းဦးရွာဘေး ကန်တွင်းထဲမှ ခြေလျင် စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကာ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” နိုဝင်ဘာ ၂၉ နဲ့ ၃၀ မှာ မိုင်းဆွဲတာ အားလုံးပေါင်း ၃ ကြိမ်ပေါ့။ ၃ ကြိမ်မှာ စစ်ခွေး ၁၄ ကောင်သေတယ်။ ဒဏ်ရာရတွေလည်းများတယ်” ဟု နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article