28 C
Yangon

မတ္တရာတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌ အထိုင်ချ တပ်စွဲသော အကြမ်းဖက် စစ်တပ်မှ စစ်သားများ ကင်းပုန်းဝပ်နေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေ ထိခိုက် သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ ကျွန်တော်တို့ မဟာမိတ် အဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ SKY HERO – Madaya၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ Peacock Warrior Force-Madayaအဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပြည်သူပိုင် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသော ပျူစောထီးများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပြည်သူများ စိုက်ပျိုးထားသော လယ်ကွင်းများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများက ကင်းပုန်းချကာ စပါးရိတ်စက် ၃ စီးဖြင့် ပြည်သူများ စိုက်ပျိုးထားသော စပါး များကို လုယက်ခိုးရိတ်နေစဥ် PDF တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Guerrilla Warfare- K.P.K ၊TSR၊ MDF-Taze Tiger၊PLA၊ 9Star နှင့် ပကဖ အဖွဲ့ များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article