34 C
Yangon

မန္တလေး သူနာပြုကျောင်းသား ကိုအောင်ကျော်ခန့်ကို စစ်ကောင်စီက ထောင် ၁၅ နှစ်ချ၊ ကမာရွတ်မီဒီယာ အယ်ဒီ တာချုပ် ဦးဟံသာညိန်း ထောင် ၅ နှစ် ထပ်မံချခံရ၊ ကမ္ဘောဇတိုင်းမ်အယ်ဒီတာချုပ် ဦးကျော်ဇေယျ ဖမ်းဆီးခံရ

Must read

မန္တလေး သူနာပြုကျောင်းသား ကိုအောင်ကျော်ခန့်ကို စစ်ကောင်စီက ထောင် ၁၅ နှစ်ချ၊ ကမာရွတ်မီဒီယာ အယ်ဒီ တာချုပ် ဦးဟံသာညိန်း ထောင် ၅ နှစ် ထပ်မံချခံရ၊ ကမ္ဘောဇတိုင်းမ်အယ်ဒီတာချုပ် ဦးကျော်ဇေယျ ဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မန္တလေးမြို့တွင် ဇွန်လ ၅ ရက်နေ့၌ ဖမ်းဆီးခြင်းခံခဲ့ရသည့် အမရပူရမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ဗကသ ကျောင်းသား ကိုအောင်ကျော်ခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အိုးဘိုထောင်တွင်း တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ ည နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က ပြောသည်။

စစ်တပ်က မတရားထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရသော ကိုအောင်ကျော် ခန့် သည် သူနာပြုသင်တန်းကျောင်း (မန္တလေး)မှ ဒုတိယနှစ်ကျောင်းသား ဖြစ် ပြီး မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ သတင်း နှင့်ပြန်ကြားရေးတာဝန်ယူခဲ့ဖူးကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင် ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ်လည်းဖြစ် ပူးတွဲတည်ထောင် သူလည်း ဖြစ်သည့် ဦးဟံသာညိန်းကိုဒီဇင်ဘာလ ၂၆ ရက်နေ့ အင်းစိန်ထောင် တွင်း တရားရုံးက ထောင် ၅ နှစ်ထပ်မံချမှတ်လိုက်သဖြင့် စစ်ကောင်စီက ချ မှတ် သော ထောင်ဒဏ်စုစုပေါင်း ၇ နှစ်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးဟံသာညိန်းကို နိုင်ငံတော် အကြည် ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ ချမှတ်ခဲ့ ပြီ ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အီလက်ထရွန်နစ်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကို ကြို့ပင်ကောက်မြို့ရှိ နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်း ဆီးသွားကြောင်း၊ ဦးကျော်ဇေယျကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်း ဝရမ်း ထုတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ကိုအောင်ကျော်ခန့်၊ ဦးဟံသာညိန်း၊ ဦးကျော်ဇေယျ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article