30 C
Yangon

မုံရွာမြို့အဝင် ရပ်ကွက်များကို စစ်တပ်က ပစ်ခတ် စီးနင်းနေပြီး အမျိုးသမီး ၁ ဦးကျည်ထိမှန်ကာ ရပ်ကွက်ကို မီးတင်ရှို့မည်ဟု ခြိမ်းခြောက်ပြောဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းနေပြီး အမျိုးသမီး ၁ ဦးကျည်ထိမှန်ထားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းလျက်ရှိပြီး အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ထားကြောင်း သိရသည်။

” အခု အနောက်ခြမ်းက လူတွေတော့ ပြေးနေရတယ်။ အရှေ့ခြမ်းက လူတွေလည်း ​ပြင်ဆင်ထားရတယ်လို့ သိရတယ်။ စစ်ခွေးတွေကလည်း မီးရှို့မယ်ရော ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ လက်နက်ကြီးသံ ၂ ချက်ရောကြားရဟုသိရ။ ရပ်ကွက်တွေထဲထိ စစ်ကားတွေရှိနေတယ်။ မြို့ဝင် အနောက်ဘက် သိင်္ဂီရပ်ကွက်က အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်က ရပ်ကွက်များကို ဝင်ရောက် စီးနင်းခြင်းသည် မုံရွာမြို့အဝင်ရှိ တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပြည်သူများအပေါ် စစ်တပ်က ရမ်းကားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုသည်။

Photo – မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article