34 C
Yangon

မြန်မာပြည်သူများ အသက်စွန့်နေမှုအတွက် ထိုက်တန်သောရလဒ်ရမည်ဖြစ်ပြီး အမေရိကန်က မြန်မာပြည်သူများဘက်မှ ထောက်ခံရေး သန္နိဌာန်ချ ထား ဟု သံအမတ်ကြီး နှုတ်ဆက်သတင်းစကားပါး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

လွတ်လပ်ခွင့်နှင့်အများကောင်းစားရေးအတွက် မြန်မာပြည်သူများ အသက်စွန့် နေမှု ထိုက်တန်သောရလဒ်ရရှိမည်ဖြစ်ပြီး မြန်မာပြည်သူများဘက်မှ အမေရိ ကန် က အားပေးထောက်ခံရေး သန္နိဌာန်ချထားကြောင်း တာဝန်ထမ်း ဆောင်မှု ပြီးဆုံးပြီဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှုတ်ဆက် သ တင်း စကားပါးသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါ သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် သံ အမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့သူဖြစ်ပြီး ယခုအခါ ၎င်း၏ သံအမတ်ကြီး လုပ် ငန်း တာဝန်ပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။

အရပ်သားအစိုးရ သမ္မတဦးဝင်းမြင့်ထံသို့ သံအမတ် ခန့်အပ်လွှာ ပေးအပ် ခဲ့ရ သည့်အတွက် ဂုဏ်ယူကြောင်း အမေရိကန် သံအမတ်ကြီးက ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတာကို တကယ်ပဲ ဂုဏ်ယူမိပါတယ်။ အရင် တစ် ခေါက်က မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာရှိနေတုန်း တာဝန် ထမ်းဆောင်ခဲ့ပြီးတော့မှ မိသားစုနဲ့အတူ သံအမတ်အဖြစ် ပြန်ရောက်လာခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ကို ၂၀၂၁ ဇန်နဝါရီ ၁၉မှာ ကျွန်တော့်ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ် နိုင်ခဲ့ တာဟာ ဆုလာဘ်ကြီးတစ်ခုပါပဲ။ အဲ့ဒါပြီး သိပ်မကြာဘူး စစ်တပ်က အရပ် သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို စတင် ခဲ့တာ ဒီနေ့အထိပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ မြန်မာနိုင်ငံက ထူးထူးခြားခြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေလည်း ဆိတ် သုဉ်း ပျောက်ကွယ်ခဲ့ရပါတယ်” ဟု သံအမတ်ကြီး၏ နှုတ်ဆက်စကားကို ရန်ကုန် အမေရိကန်သံရုံးက တရားဝင် သတင်းထုတ်ပြန်ထားသည်။

မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့် အများကောင်းစားရေးအတွက် အသက် စွန့်လွှတ်နေသည့်အတွက် ထိုက်တန်သော ရလဒ်ရရှိမည်ဖြစ်ပြီး အမေရိကန်ကလည်း မြန်မာပြည်သူများဘက်မှ အမြဲရပ်တည်ထောက်ခံနေ ကြောင်း ၎င်းက ပြောသည်။

“ဒီလိုအခြေအနေတွေက လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်အခါပါပဲ။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို လေးစားအတုယူဖွယ်ရာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ပြည်သူ တွေ ဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစား ရေးအတွက် သူတို့အသက်တွေကိုတောင် စတေးကြရတာတွေကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ နောက် ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကိုရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုလို ကျွန်တော်ထွက်ခွာသွားသည့်တိုင် အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမို က ရေ စီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလား တောင့် တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန် ပြည် ထောင်စုက သန္နိဌာန်ချထားဆဲဖြစ်ကြောင်း ထပ်လောင်း အတည် ပြုချင် ပါတယ်” ဟု သံအမတ်ကြီး ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သော နှိပ်စက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး အမေရိကန် က ဖိအားပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ ယခင်က၄င်းတို့ ကျူးလွန်ခဲ့တာတွေနဲ့ ဆက်လက်ပြီး ကျူးလွန်နေတဲ့ နှိပ်စက် ကလူပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံ မှုရှိစေဖို့၊ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာဆီကို အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ ကိုယ့်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေပိုင်ပိုင်နိုင်နိုင်ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ သင်တို့ကို အားပေးထောက်ခံသွားဖို့တွေအတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက် သွားပါမယ်။ ‘“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာ ကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” လို့ မာတင်လူသာ ကင်း ဂျူနီယာက ပြောခဲ့ဖူးပါတယ်။ အချိန်တွေတော့ ပိုကြာကောင်း ကြာပါ လိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သံအမတ်ကြီးက ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article