30 C
Yangon

ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ်၊ ဗြိဘ (အနောက်) ရွာသို့ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ များက ၄၀ မမ ဗုံးသီးများ၊ အီနာဂါဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြီး စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊N-YSO ပြောက်ကြားတပ်ဖွဲ့ ၊ငဘ ပြောက်ကျားတပ်ဖွဲ့ ၊ဗိုလ်တမာ ပြောက်ကြားတပ်ဖွဲ့ ၊ Super Fighter PDF တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article