36 C
Yangon

ရေတာရှည်နှင့် တောင်ငူတွင် တိုက်ပွဲဖြစ်ပြီး စစ်အရာရှိ တစ်ဦးအပါအဝင် ၉ ဦးသေဆုံး

Must read

ရေတာရှည်နှင့် တောင်ငူတွင် တိုက်ပွဲဖြစ်ပြီး စစ်အရာရှိ တစ်ဦးအပါအဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်နှင့်တောင်ငူမြို့နယ်တွင် စစ်ကောင် စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး စစ် အရာရှိတစ်ဦး အပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရေတာရှည်မြို့နယ်၊ နားဂျပ်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အင်အား ၃၂ ဦးပါ စစ်ကြောင်းက ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် ခရိုင်ချင်းဆက်လမ်းဘေး ဂူ တောင်တောရကျောင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တောင်ငူ ခရိုင် PDF က ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင်စစ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦးထက် မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂူတောင်တောရကျောင်းမှာက ၄၅ မိနစ်လောက်ကြာတယ်၊ အပြန်အလှန် ပစ်ခတ် မှုဖြစ်ခဲ့တာ၊ တောင်ငူ ဆိတ်မြောင်မှာလည်း စစ်ခွေး ၃ ကောင်သေ တယ်၊ ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်၊ ကျနာ်တို့ PDF တပ်ဖွဲ့ ဝင်တွေဘက် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ စစ်ခွေးတွေက အထိနာတော့ ဆိတ်မြောင်က ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသေးတယ်” ဟု Bago Region PDF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ဆိတ်မြောင် ကျေးရွာအနောက်ဘက်တွင်ုစစ်ကောင်စီတပ်နှင့် တောင်ငူခရိုင် PDF အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အထိနာသွားသော စစ်တပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အင်အား ဖြည့်တင်းကာ ဆိတ်မြောင်ရွာကို ထပ်မံဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ် ၁၂ လုံးကို မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article