30 C
Yangon

လောင်းလုံးတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်များ သိမ်း ဆည်းရမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦးစုစုပေါင်း ၂ ဦးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

ဒီဇင်ဇင်ဘာလ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီခန့်အုပ်ချုပ် ရေးမှူး မင်းမင်းကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းသည် ကျောက်နီမော် ကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ တပည့်ရင်းဖြစ်ပြီး တူမီးနှင့် ဘော်ကာ သေနတ် ကိုင် ဆောင် ကာ မူးယစ်ဆေးဝါးရောင်းဝယ်သည့်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးမင်းမင်းသည် NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ခဲ့ပြီး ယနေ့အထိ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသူဖြစ်ကာ ကျေးရွာအတွင်းရှိ အပြစ် မဲ့ပြည်သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့်အပြင် PDF များကိုလည်း ခြိမ်းခြောက်ကြိမ်းဝါး လေ့ရှိသူတစ်ကြေင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် သကျက်တောကျေးရွာမှ ပျူစောထီး အဖွဲ့ ဝင် ပေါင်မုန့်(ခ)လောင်းလောင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းသည် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်နှင့်အတူ ပျူစခန်းတွင် လက်နက်ကိုင်ဆောင်နေပြီး ဓားပြတိုက် များကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေသူဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article