28 C
Yangon

ဝမ်းတွင်းတွင် ကျေးရွာ ၇ ခု၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်း လာစစ်ဆေးသည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ဝမ်းတွင်းတွင် ကျေးရွာ ၇ ခု၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်း လာစစ်ဆေးသည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု ၇ ရွာ၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ စိုင်းမြင့်အောင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွား သည့် အပြင် ၎င်းတို့၏ အလောင်း ၂ လောင်းကို လာရောက်စစ်ဆေးသည့် စစ် ကြောင်း ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ညောင်တိုအုပ်စု ၇ ရွာ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် ၎င်း၏ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ(ခ) ပုလုံးကို Wundwin Township Revolution Force(WTRF)က ပစ်ခတ်ရာမှ သေဆုံးခဲ့ ကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သားအဖ၏ အလောင်းကို လာယူ သည့် စစ်တပ်ကို ရိုးစုကျေးရွာနှင့် ဖုန်းစိုကျေးရွာအကြား လမ်းတွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက် ကြောင်း သိရသည်။

“ည ၉ နာရီလောက်မှာ ပျူစောထီးသားအဖ ပြေအေးနဲ့ စိုင်းမြင့်အောင်ပြေ (ခ) ပု လုံး အလောင်းလာ ကောက်တဲ့ စခ၊ ရခတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်၊ ငရဲသွားမယ့် စခ၊ ရခတွေကိုတော့ မသိရသေး ပါဘူး” ဟု WTRF က ပြော သည်။

ညောင်တိုအုပ်စု ၇ ရွာ အုပ်ချုပ်ရေးမှူး ပြေအေးသည် ဝမ်းတွင်မြို့နယ်အတွင်း အကြီးစားပျူစောထီး ခေါင်း ဆောင်ဖြစ်ပြီး မြို့နယ် အတွင်းရှိ PDF တပ်ဖွဲ့ ဝင် များကို ဓာတ်ပုံနှင့်တကွ လိုက်လံဖမ်းဆီးကြောင်း၊ ခင်ကြီးရွာ၊ ကျင်းရွာ၊ တဲစုရွာ၊ သဲတော လေးကျေးရွာ၊ သခွတ်မြင့်ကျေးရွာများသို့ လှည့်လည်၍ PDF များ ရွာထဲအဝင်မခံရန် လော်စပီကာဖြင့် ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း သဲတောလေးကျေးရွာ အုပ်ချုပ်ရေး မှူး မောင်ရှိန်ကို Wundwin Township Revolution Force(WTRF) က ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း၌ ပြည်သူကို ကိုယ်စားမပြုသည့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် နုတ်ထွက်ရန် အ ချိန်တန်ပြီဖြစ်ကြောင်း WTRF က သတိပေး ထား သည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး သားအဖ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article