30 C
Yangon

ဒီပဲယင်းနှင့် ရေဦး အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ​ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်ရှိ ပျော်ဘွယ်ရွာနှင့် ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာတို့ကို ဝင်ရောက် မွှေနှောက်ပြီးနောက် ပြည်သူပိုင်နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီပဲယင်းနဲ့ ရေဦးမြို့နယ်က ပျော်ဘွယ်ရွာနဲ့ မစိုးရိမ်ရွာ ၂ ရွာကို မနေ့ ညက စစ်ခွေးတွေ ရွာထဲတပ်စွဲပြီး နံနက်ရောက်တော့ မီးရှို့သွားတယ်။ လက်တလော သိရသလောက်ကတော့ အိမ်ခြေ ၂၀ကျော် အရှို့ခံလိုက်ရတယ်။ ရွာသူ ရွာသားတွေလည်း ပြေးနေရတော့ အကုန်ပြန် မရောက်ကြသေးလို့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသည့် ပျော်ဘွယ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ခံရခြင်း ဖြစ်ပြီး ဇွန်လ ပိုင်းကလည်း မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article