35 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနယ်နဲ့ ဇနီးဖြစ်သူ ဆစ်ဒနီက ရန်ပုံငွေ ဈေးရောင်းပွဲကို လာရောက်အားပေး

Must read

ရန်ကုန်| ဒီဇင်ဘာ ၃

အာဏာလု စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ညှဥ်းပန်းခံခဲ့ရပြီး မကြာခင်က ပြန်လွတ်လာတဲ့ စီးပွားရေး ပညာရှင် ရှောင်တာနယ်နဲ့ သူ့ဇနီးတို့ ဆစ်ဒနီက ရန်ပုံငွေ ဈေးရောင်းပွဲကို လာရောက် အားပေးခဲ့ ကြ တယ်လို့ သြစတြေးလျရောက် မြန်မာတွေဆီက သိရပါတယ်။

လာရောက် အားပေးတဲ့ သူတို့နှစ်ဦးကို သြစတြေးလျရောက် မြန်မာတွေနဲ့ သူ့ရဲ့ မြန်မာမိတ်ဆွေတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွက် ရန်ပုံငွေရှာဖွေပွဲကို သြစတြေးလျရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာတွေစုပေါင်းပြီး ဒီနေ့ မနက်ပိုင်းက ဆစ်ဒနီမြို့မှာ ပြုလုပ်နေတာဖြစ်ပါတယ်။

သူတို့ဟာ အရင်အကြိမ်က စစ်ကိုင်းတိုင်းအတွက် ရန်ပုံငွေရှာဖွေပေးခဲ့သလို အခြားသော စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်နေတဲ့ အင်အားစုဖြစ်ပါတယ်။

ဓာတ်ပုံ-CRPH/NUG Support Group NSW

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article