28 C
Yangon

ဒီပဲယင်း၊ ညောင်လှရွာကို စစ်တပ်က မီးတင်ရှို့နေပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်း အရှေ့ခြမ်းရှိ ညောင်လှရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

” ရွာထဲကနေ မီးခိုးတွေ ထွက်နေတာတော့ တွေ့ရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အခုထိ မသိရသေးဘူး။ ၂ နေရာခွဲပြီး ရှို့နေတာနေတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတာ” ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ဒီပဲယင်း အရှေ့ခြမ်းသို့ ဝင်ရောက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းအရှေ့ခြမ်း ညောက်လှ၊ ဝဲကြီး၊ ကုန်းကြီး ကျေးရွာတစ်ဝိုက်ရှိနေကြောင်း၊ ရေဦးမြို့မှ အင်အားတိုးထားသော အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ရွာသာလေး၊ မူးသာကုန်းရွာ တစ်ဝိုက်မှ တောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article