38 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ချောင်းဦးရဲစခန်းမှ စစ်ကောင်စီ တပ်သား ၅ ဦး လိုက်ပါလာ NOAH အမျိုးအစား အိမ်စီးကားသည် မုံရွာမြို့တွင်းသို့ ဝင်ရောက်သွား​ပြီးနောက် မအူဂိတ်(စစ်တပ်ဂိတ်) မှ အပြန်ကို စောင့်ဆိုင်း၍ မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးပွဲချင်းပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို မအူဂိတ် (စစ်တပ်ဂိတ်) အတွင်းမှ စစ်သား ၂ ဦးက NOAH ကား ၁ စီးဖြင့် သွားရောက် ခေါ်ဆောင်ပြီး ချောင်းဦးဘက်သို့ ထွက်ခွာလာစဥ် ည‌နေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ ဘက်စုံ‌စိုက်ပျိုးရေးခြံ အနီး၌ ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ပထမအကြိမ် မိုင်းဆွဲခဲ့တုန်းက စစ်ခ​ွေးကားကို ကျွန်တော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားတယ်။ ခွေး ၂ ကောင်သေသွားတယ်။ ဒုတိယ အကြိမ် မိုင်းဆွဲတာကတော့ ခွေး ၁ ကောင်သေတယ်” ဟု Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army(BHA)နှင့် Special 7 Attack Force(MSAF)တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article