33 C
Yangon

စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် ထောက်ပို့တပ် ၉၂၉ က ရိက္ခာနှင့်လက်နက်ခဲယမ်းများ သယ်ယူစဉ် မိုင်းအကြိမ်များစွာ ဆွဲခံရမှု စစ်သား ၁၈ ဦးသေဆုံးပြီး စစ်ကား ၃ စီးလုံး၀ ပျက်စီးခဲ့ဟု စစ်ဘက် သတင်းရင်းမြစ် အတည်ပြု

Must read

ရန်ကုန်၊ဒီဇင်ဘာ ၄

စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ ထောက်ပို့တပ် ၉၂၉ က ရိက္ခာနှင့် လက်နက် ခဲယမ်း များ သယ်ယူစဉ် အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး စစ်သား ၁၈ ဦးသေဆုံးကာ စစ်ကား ၃ စီး လုံး၀ ပျက်စီးခဲ့ရကြောင်း အနောက်မြောက် တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ လက်နက်ခဲယမ်းများ၊ ဆန်အပါအဝင် ရိက္ခာများကို မုံရွာအခြေစိုက် ထောက်ပို့တပ် ၉၂၉ က သွားရောက်သယ်ယူရာတွင် လမ်းခရီးတလျှောက် စစ်ယာဉ် တန်းကို အကြိမ်ကြိမ် မိုင်းဆွဲခံရ ကြောင်း၊ ယင်းမိုင်းဆွဲမှုတွင် စစ်ကား ၃ စီးလုံး၀ ပျက်စီးခဲ့ရပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

“အဆိုးဆုံးက နတ်ရေကန်နဲ့ ငါးယှန်ကြားမှာ ထိတာပဲ။ စစ်ကိုင်းကနေ ဆန်အိတ်၊ ရိက္ခာတွေ လက်နက် ခဲယမ်းတွေ သယ်တာပါ။ လမ်းတစ်လျှောက်လုံး မိုင်းမိတာ။ မိုင်းအလုံးပေါင်း ရာကျော်မယ်ထင်တယ်။ မိတာ။ စစ်ကား ၃ စီး ပျက်စီးတယ်။ သေတာက စစ်သား စုစုပေါင်း ၁၈ ဦးသေဆုံးပါတယ်။ မောင်းလို့ရ တဲ့ကားတွေတော့ အကုန်မောင်းတယ်။ နောက်မှ ပျက်သွားတဲ့ကားတွေတော့ နောက်မှ သွားဆွဲတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

PDF များဘက်က ထုတ်ပြန်မှုတွင်လည်း နိုဝင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းဘက်မှ မုံရွာသို့ ထွက်ခွာ လာသော စစ်ယာဉ်တန်းကို တောက်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ နတ်ရေကန်နှင့် ငါးယှန် အကြားတွင် မိုးကာများ ဖုံးအုပ်ထားသည့် ပြည်သူ့ကား အယောင်ဆောင်ပြီး ထွက်ခွာလာသည့် ကား ၅ စီးကို နေရာ ၃ နေရာခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၂၅ ရက်နေ့ နတ်ရေကန်နှင့်ငါးယှန်အကြားတွင် မိုင်းမိနေသော စစ်ကားတန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article