38 C
Yangon

Must read

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအတွက် အကျိုး စီးပွား ဖြစ်နေ သည့် ဦးပိုင် ကုမ္ပဏီ နှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်လုပ်ငန်း များ အဖြစ် NUG အစိုးရက ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၆

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများအတွက်သာ အကျိုးစီးပွားဖြစ်နေသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးတို့ကို အကြမ်း ဖက် အုပ်စု၏ စီးပွားရေးလုပ်ငန်းများ အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာလိုက်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် မင်းအောင်လှိုင် ဦး ဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီး အုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာ ရန်ပုံ ငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာရန်ပုံ ငွေများ သည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီး များ အတွက်သာ အကျိုး စီးပွားဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည် များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်း ယင်းထုတ်ပြန် ချက် တွင်ဖော်ပြထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက် မှုတိုက်ဖျက် ရေးဗဟို အဖွဲ့က အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူ ညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မ ခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်း များအဖြစ် သတ်မှတ်၍ အများပြည်သူ အကျိုးစီးပွား အလို့ငှာ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ် စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်ကြီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article