39 C
Yangon

မြောက်ဥက္ကလာ အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ ရဲကားတစ်စီး ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၃ လမ်းဆုံရှိ စစ်တပ်နှင့်ရဲ စုပေါင်း စ်စဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် မြို့ပြပျောက်ကျားတပ် ဖွဲ့များ က ဗုံးခွဲတိုက်ခိုက်ရာ ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး စစ်သားနှင့်ရဲ ၇ ဦး ဒဏ်ရာရကြောင်း၊ ရဲကားတစ်စီး ပျက်စီးသွားကြောင်း Black Fox YGN UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်ကို Black Fox YGN UG တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မတရား သဖြင့် သေ ဒဏ် ချမှတ်ခံထားရသော ရဟန်းရှင် လူများနှင့် ကျောင်း သား များအတွက် ရည်ရွယ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု တွင် ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး စစ်သားနှင့်ရဲ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ကားတစ်စီးလည်း ပျက်စီးထိခိုက်ခဲ့ကြောင်း သိရှိရသည်

“အခုမစ်ရှင်ကို သေဒဏ်ချမှတ်ခံရတဲ့လူငယ်တွေအတွက် လက်စားချေတဲ့အနေ နဲ့ အရေးပေါ်ဆောင်ရွက်လိုက်တာပါ။ အဝေးထိန်းနစ်လုံးခွဲတာ တလုံးက error တက်သွားပီး တလုံးပဲကွဲသွားတယ်။ ဘဲဥသုံးကောင်ထိတဲ့ထဲမှာ တစ်ကောင် ကတော့ သေတယ်၊ စစ်ခွေးရဲခွေး သုံးကောင်လည်း ထိတယ်။ သူတို့ရဲ့ ယာဥ် ထိန်းရဲ ကားလည်း ထိခိုက်ပျက်စီးတယ်” ဟု း Black Fox YGN UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်ဘက်ကမူ ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းတပ်ဖွဲဝင်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရပြီး မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ် လုံးထပ်မံတွေ့သဖြင့် သိမ်း ဆည်းဖောက်ခွဲလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲ၍ စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article