36 C
Yangon

ထီးချိုင့် မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် အတွင်းရှိ ပေါက်ကုန်း၊ ကျက်သရေချောင်းရွာ၊ ပျဉ်းစုရွာ၊ မန်ကျီးပင်ရွာ၊ သစ်မှုံညိုရွာနှင့် သခွတ်ချောင်ရွာများကို ယနေ့ ဒီဇင် ဘာ ၈ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းများက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာကို စစ်တပ်က ဒီဇင်ဘာ ၇ ရက်နေ့တွင် ဝင် ရောက်စီးနင်းခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် မီးတင်ရှို့ခဲ့ကြောင်း၊ မီးရှို့မှုကြောင့် နေအိမ် ၁၄ လုံး ပြာကျခဲ့ကြောင်း ဒေသ ခံများက ပြောသည်။

ထို့ပြင် ထီးချိုင့်မြို့နယ်ကျက်သရေချောင်းရွာကိုလည်း ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ဝင်ရောက်၍ တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ များက ဆိုသည်။

စစ်တပ်က ကျက်သရေချောင်းရွာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပထမ အကြိမ် အဖြစ် နေအိမ် ၁၁ လုံးကိုလည်းကောင်း၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဒုတိယ အကြိမ် အဖြစ် နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တတိ ယ အကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်စစ်ကြောင်း တစ်ခုသည် ပျဉ်းစုရွာကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အခြားစစ်တပ် စစ်ကြောင်းတစ်ခုကလည်း မန်ကျီးပင်ရွာကို ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်နှင့် သစ်မှုံညိုရွာကိုမူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်များတွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရှိရသည်။

“ထီးချိုင့်မြို့နယ်ထဲက မြောက်ပြင်ဘက်ရှိ ရွာတွေကတော့ အကုန် ကုန် လောက် တယ် ဒီအတိုင်းဆိုရင် ။ ရွာတွေက ကြိုတင်ရှောင်နေကြတယ်။ အင်အားက များတယ်။ စစ်ကြောင်းတွေ ခွဲပြီး ရှို့တာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။

ထို့အတူ သခွတ်ချောင်ရွာကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်မှ စတင်၍ စစ်တပ်က မီးတင်ရှို့နေကြောင်း၊ သခွတ်ချောင်ရွာသည် ယနေ့တွင် တတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က သခွတ်ချောင်ရွာကို မတ်လ ၆ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နေအိမ် ၁၂ လုံး၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် လူနေအိမ်နှင့် စပါးတိုက်အပါ ၃၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ပုံစာ – ပေါက်ကုန်းရွာ မီးရှို့ခံရသည့် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article