36 C
Yangon

သိန္နီတွင် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ နမ့်ဇလပ်ကျေးရွာတွင် မနေ့က ဒီဇင် ဘာလ ၇ ရက် နံနက် ၈ နာရီခန့်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား( ၂) ဦး ပွဲချင်း သေဆုံးပြီး( ၂) ဦး ပြင်း ထန် စွာဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ထံက သိရသည်။

မည်သည့်နေရာက ပစ်လိုက်မှန်းမသိသည့် လက်နက်ကြီးကျည်တစ်လုံးသည် နေအိမ်ရှေ့မိသားစုလိုက် နေပူစာလှု့နေသော ယာအေအုပ်တို့ မိသားစု အရှေ့တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ရာ မိသားစုလိုက် ထိမှန် ခဲ့ပြီး ယာအေအုပ်နှင့် သူမ၏သား မိုင်းအိုက်မွန်းတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယာအေအုပ်၏ သမီး အငယ်ဆုံးဖြစ်သူ လွေးအေပိုတွင် ခြေထောက်နှင့် လက်တို့တွင်လည်းကောင်း၊ အိမ်နီးချင်းဖြစ် သည့် ကူန်းကံမ်(ခ)ဦးဖြာအင်း၌ ခါး၊ ဦးခေါင်းအောက်၊ လည်ပင်းနှင့် လက်မောင်းတို့တွင် ပြင်းထန် ဒဏ်ရာရရှိ ခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။

“မနေ့တုန်းက လက်နက်ကြီးကျခဲ့တာ ကျနော်တို့လည်း အံ့ဩနေကြတယ်၊ မနက် ၈ နာရီဆိုတော့ စောပါသေးတယ်၊ အနီးအနားတိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ လက်နက်ကြီးက ဘယ်ကနေ ရောက်လာ မှန်းတော့ မသိဘူး၊ သူတို့အိမ်လည်း တော်တော်များများ ထိခိုက်ပျက်ဆီးတယ်”ဟု နမ့်ဇလပ်အုပ်စုမှ ရွာသားတဦးက ပြောသည်။

အဆိုပါ နေအိမ်သည် အမှတ် ၅၆၈ တပ်ကုန်းအောက်တွင် ရှိပြီးပစ်ခတ်လိုက်သော လက်နက်ကြီးသည် ၎င်းတပ်ကုန်းကို ဦးတည် ပစ်ခတ်တာဖြစ်နိုင်ကြောင်း ရွာသားများမှ သုံးသပ်ပြောဆိုနေကြသည်။

မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့မှ စ၍ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ဟူးမန်း၊ မန်လုံး၊ ကုန်းသာ ရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ထိုးစစ်ဆင်နေရာ TNLA တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article