38 C
Yangon

မုံရွာမြို့ပေါ်တွင် ”ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” စာတန်း ကိုင်ဆောင်ကာ တော်လှန်လူငယ်များ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

မုံရွာမြို့ပေါ်တွင် မုံရွာ သပိတ် အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ”ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အကြမ်းဖက် စစ်အုပ်စုက အပြစ်မဲ့ ကျောင်းသား ပြည်သူတွေကို မတရားဖမ်းဆီးကာ သက်သေခိုင်လုံမှုမရှိဘဲ မတရားပုဒ်မတပ် သေဒဏ်အမိန့်ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။ တစ်ဖက်တွင်လည်း နိုင်ငံတဝှမ်းက ကလေးငယ်တွေပါမချန် တိုင်းရင်းသားပြည်သူတွေကို နေ့စဉ်နဲ့အမျှ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။ ဒါဟာ သူတို့အာဏာတည်မြဲရေးအတွက် အင်အားကောင်းလာတဲ့ လူထုတော်လှန်ရေးကို ဦးချိုးလိုတဲ့အတွက် ကျောင်းသားပြည်သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ကျောင်းသားပြည်သူတွေရဲ့ဘဝတွေကို နင်းချေဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ အဲလိုအကြမ်းဖက် အာဏာရူးစစ်ဘီလူးတွေကို အမြစ်ဖြတ် တော်လှန်ဖို့မှတစ်ပါး အခြားမရှိ။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက် ဘယ်သောအခါမှနောက်ဆုတ်မှာမဟုတ်ဘူး” ဟု တော်လှန်လူငယ် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article