32 C
Yangon

ကယားတွင် လူ့အခွင့်အရေးနေ့ ကျေးလက်မြေအဖွဲ့မှ ဦးဆောင်ပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကယားပြည် ဒီမောဆိုမြို့နယ်တွင် လူ့အခွင့်အရေးနေ့အခန်းအနားတစ်ရပ်ကို တိုက်ပွဲသံတွေကြားထဲမှ လူဦးရေ ၃၀၀ ဝန်းကျင်နှင့်အတူ ကျေးလက်မြေအဖွဲ့ကနေ ပြုလုပ်သည်။

ဘာသာရေးခေါင်းဆောင်များ၊ရပ်မိ ရပ်ဖများ၊ကျေးရွာသူကျေးရွာသားများနှင်အတူ ဆရာ/ဆရာမ ကျောင်းသူ ကျောင်းသားများပါတက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက ပြောကြားပေးခဲ့ပြီး အမျိူးသမီးအဖွဲ့များမှ လူ့အခွင့်အရေးပြဇာတ်များ၊ မော်ဒယ်လ်ရှိုး၊ လူ့အခွင့်အရေးကဗျာပြိုင်ပွဲ၊ မေတ္တာစက်ဝိုင်းသီချင်းအပါအဝင် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း၊ ဘာသာရေးဆရာ ဆရာမများက ဝတ်ပြုဆုတောင်းချင်းများပြုလုပ်ပေးခဲ့ပြီး ကလေးငယ်များအတွက် လူ့အခွင့်အရေးနှင့် ပတ်သက်လို့ဉာဏ်စမ်းပဟေဠိ မေးခွန်းများမေးကာ လက်ဆောင်များပေးခြင်း ၊ အစားအစာအာဟာရဒါနအဖြစ် ပဲနို့နှင့် မုန့်မျိုးစုံကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article