29.6 C
Yangon

ဝမ်းတွင်း၊ သဲတောရွာတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ကလိန်အောင်မြို့ရှိ ရဲတပ်ကြပ် ၁ ဦး နေအိမ်၌ ပစ်ခတ်မှု ဖြစ်ပွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာတွင် နေထိုင်သော ပျူစောထီး မောင်ရှိန်ကို WTRF အဖွဲ့မှ ပစ်ခတ်တိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပျူစောထီး မောင်ရှိန်ကို Wundwin Township Refvolution Force – WTRF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး မောင်ရှိန်သည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကို နှိပ်စက်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊အနိုင်ကျင့်ဗိုလ်ကျနေခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များဝင်များ၏ သတင်းများကို အကြမ်းဖက် စစ်ကောင်စီထံပေးပို့ခြင်းတို့ ကြောင့် အချိန်မီပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နယ်ထိန်းရဲ တပ် ကြပ်ကြီးရဲဝင်းထွန်းနေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်က ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်သား တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါရဲတပ်ကြပ်ကြီးရဲဝင်းထွန်းနေအိမ်ပတ်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကင်းပုန်းများချသဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော ကလိန်အောင်မြို့ အခြေစိုက် Spring Dhamman PDF (K.L.A) ပြည်သူ့ကာကွယ်ရေးတပ် (LDF) နှင့်မိနစ် ၃၀ ခန့် အပြန် အလှန် ပစ်ခတ် မှုဖြစ်ကာ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားမှာ ကလိန်အောင်မြို့ ပြည်သူ့ ဆေးရုံ၌ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကားများဖြင့် ထပ်မံရောက်ရှိလာကာ ပစ်ခတ်မှုဖြစ်သည့်နေရာအနီးသို့ စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ နယ်ထိန်းရဲတပ်ကြပ်ကြီး ရဲဝင်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူ လူထုထံမှ မတရားငွေကြေးကောက်ခံခြင်း၊ ပြည်သူများအား ချိန်းခြောက်ခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း Spring Dhamman PDF (K.L.A) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo – Spring Dhamman PDF (K.L.A) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article