30 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်း လ၀ကရုံး ဗုံးပေါက်ကွဲပြီး လူ အထိအခိုက်ရှိ၊ ဆိုင်ကယ်မှန် သမျှ စစ်တပ်နှင့်ရဲက လိုက်ဖမ်းသိမ်းယူနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး လူအထိအခိုက်ရှိကြောင်း ဒေသပြည်သူများက ပြော သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဒဂုံမြို့သစ်အရှေ့ပိုင်း လ၀ကရုံး တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးအတွင်းမှ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်များရောက်ရှိလာပြီး လ၀ကရုံးနှင့်ပတ်ဝန်းကျင်ကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသပြည်သူများက ပြောသည်။။

“ဖြစ်တာကတော့ လ၀ကရုံးဘက်ပဲ။ ရုံးတွေက ကပ်နေတာ။ ၁၀ နာရီမှာ ဗုံးကွဲ တယ်။ အသံကလည်း အကျယ်ကြီးပဲ။ ရုံးထဲက လူတစ်ဦးတော့ထိတယ်။ ခဏကြာ တော့ စစ်ခွေးနဲ့ ရဲခွေးတွေ ရောက်လာပြီး စစ်ဆေးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီတပ်များ လုံခြုံရေးချထားသည့် နေရာနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသပြည်သူတချို့က ဆိုကြသည်။

လက်ရှိတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၊ရဲတို့က ဆိုင်ကယ်များကို လိုက်လံ ဖမ်းဆီးနေပြီး ဆိုင်ကယ်စီးသူမှန်သမျှကို ဖမ်းဆီး ကာ ဆိုင်ကယ်များ စစ်ကားပေါ်တင်၍ သိမ်းဆည်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စစ်ကောင်စီသံဆူးကြိုးနှင့်သဲအိတ်ဘန်ကာဂိတ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article