30 C
Yangon

ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ၊ မန္တလေး စစ် တပ်ပိုင် မြ၀တီဘဏ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၊ လွိုင်ကော် လေဆိပ် ဝင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် တောင်ဒဂုံတို့တွင် ယနေ့ ဗုံးများပေါက်ကွဲ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြ သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် လှိုင်သာယာမြို့နယ်၊ရွှေကမ်း သာ ယာအိမ်ယာရှေ့တွင်ဗုံး ၂ လုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ဖောက်ခွဲ လိုက် ကြောင်း သိရှိရသည်။

“ဒီနေ့ တစ်နေကုန်ပဲ လမ်းတွေပိတ်ထားတာ။ လမ်းတွေပိတ်ပြီး ရှာတယ် စစ် တယ်။ တွေ့တဲ့ဗုံးကတော့ ဖောက်ခွဲလိုက်တယ်။ ဆိုင်ကယ်တွေလည်း အရမ်း လိုက်ဖမ်းတယ်။ စစ်ခွေး အရာရှိကြီး တစ်ဦးရဲ့ လမ်းကြောင်းရှိတဲ့အချိန် ဗုံးတွေ့ တာလို့လည်းပြောတယ်။ အတော်တော့ ဒီနေ့ လှိုင်သာယာမှာ စစ်ခွေးတွေ ရှုပ် နေတယ်” ဟု လှိုင်သာယာ ဒေသပြည်သူတစ်ဦး က ပြောသည်။

ထို့ပြင်ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဗုံးပေါက် ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရ ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ ကို မသိရှိရသော်လည်း ဗုံးပေါက်ကွဲသံဟု အတိအကျ ပြောဆိုနိုင်သည်ဟု ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ် ရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လက်ပစ် ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး ဗုံးမပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က လက်ပစ် ဗုံးကို ဖောက်ခွဲရှင်းလင်းကြောင်း သိရှိရသည်။

ထို့အတူ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခွဲအချိန် လွိုင်ကော်လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လွိုင် ကော် လေဆိပ်ဝင်းထဲသို့ ၆၀ မမ ဗုံးသီး ၃ လုံး၊ လေဆိပ်အနီးသို့ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရ သည်။

ဓာတ်ပုံ- မန္တလေး၊ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ပစ်ခတ်ခဲ့သော မပေါက်ကွဲ သေး သည့် လက်ပစ်ဗုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article